Pixel ကင်မရာ

၂.၉
သုံးသပ်ချက် ၅.၀၆ သိန်း
၁+
ဒေါင်းလုဒ်များ
အကြောင်းအရာကို အမှတ်ပေးခြင်း
အားလုံး
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ

ဤအက်ပ်အကြောင်း

‘Pixel ကင်မရာ’ ဖြင့် အခိုက်အတန့်တိုင်းကို မလွတ်တမ်းရိုက်ကူးနိုင်သည်။ ‘အလှပုံ’၊ ‘ညမြင်ကွင်း’၊ ‘အမြန်ပြကွက်မုဒ်’၊ ‘ရုပ်ရှင်ရသ မှုန်ဝါးခြင်း’ ကဲ့သို့သော တူးလ်များသုံး၍ အလွန်ကောင်းမွန်သည့် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးနိုင်သည်။

ရင်သပ်ရှုမောဖွယ်ဓာတ်ပုံများ ရိုက်ကူးခြင်း
• အလင်းဖွင့်ခြင်းနှင့် အရောင်ချိန်ခြင်းထိန်းချုပ်တူးလ်များပါသော HDR+ - အထူးသဖြင့် အလင်းဖျော့ (သို့) အလင်းရောင်နောက်ခံမြင်ကွင်းများတွင် HDR+ သုံး၍ မယုံနိုင်လောက်အောင်ကောင်းမွန်သော ဓာတ်ပုံများ ရိုက်ကူးနိုင်သည်။
• ညမြင်ကွင်း - သင့်ဖလက်ရှ်မီးကို ထပ်သုံးလိုတော့မည်မဟုတ်ပါ။ ‘ညမြင်ကွင်း’ သည် အမှောင်တွင် မြင်တွေ့ရန်မလွယ်သော အသေးစိတ်နှင့် အရောင်အားလုံးကို ထင်ရှားပေါ်လွင်စေသည်။ ‘နက္ခတ်တာရာဓာတ်ပုံ’ ဖြင့် ‘နဂါးငွေ့တန်း’ ဓာတ်ပုံများကိုပင် ရိုက်ကူးနိုင်သည်။
• ကင်မရာနည်းပြ - Gemini အကူအညီဖြင့် အကြံပြုချက်နှင့် လမ်းညွှန်ချက်များ ရယူပြီး ပိုကောင်းသောဓာတ်ပုံများ ရိုက်ကူးနိုင်သည်
• အော်တို အကောင်းဆုံးပုံ - ဓာတ်ပုံရိုက်ခလုတ် တစ်ချက်နှိပ်ရုံဖြင့် သင့်မိတ်ဆွေအားလုံး၏အခိုက်အတန့်တိုင်းကို မလွတ်တမ်းရိုက်ကူးနိုင်သည်
• စူပါပြတ်သားနှုန်းဇူးမ် - အဝေးမှအရာကို အနီးသို့ ဆွဲယူနိုင်သည်။ ‘စူပါပြတ်သားနှုန်းဇူးမ်’ သည် ဇူးမ်ဆွဲသောအခါ သင့်ဓာတ်ပုံများကို ပိုမိုပြတ်သားအောင် ပြုလုပ်ပေးသည်။
• အထူးပြတ်သားနှုန်းဇူးမ် - ပုံဖန်တီးထုတ်လုပ်မှု အဆင့်မြင့်မိုဒယ်များဖြင့် ပံ့ပိုးထားပြီး အဆ ၁၀၀ အထိ ဇူးမ်ဆွဲနိုင်သည်
• မိမိပုံ ပေါင်းထည့်ခြင်း - သင့်ဓာတ်ပုံတွင် ရိုက်ကူးသူပါမကျန် တစ်ဖွဲ့လုံး ပါဝင်နိုင်သည်
• ကြာရှည်စွာ အလင်းဖွင့်ခြင်း - မြင်ကွင်းအောက်ရှိ ရွေ့လျားနေသောအရာဝတ္ထုပေါ်တွင် မှုန်ဝါးထားသောဖန်တီးချက် ထည့်နိုင်သည်
• လှုပ်ရှားမှုရိုက်ကွက် - အရာဝတ္ထုကို ဆုံချက်ထားပြီး နောက်ခံတွင် မှုန်ဝါးထားသောဖန်တီးချက် ထည့်နိုင်သည်
• ဆုံချက်ချဲ့ခြင်း - အသေးဆုံးအရာဝတ္ထုများကိုပင် ပေါ်လွင်သောအရောင်၊ အံ့မခန်းအရောင်ခြားနားချက်တို့ဖြင့် ရိုက်ကူးနိုင်သည်
• ကျွမ်းကျင်အဆင့်တူးလ်များ - ရှပ်တာမြန်နှုန်း၊ ISO စသော အဆင့်မြင့်ကင်မရာဆက်တင်များ ရယူနိုင်သည်

ရိုက်ချက်တိုင်းတွင် ဗီဒီယိုထူးခြားကောင်းမွန်ခြင်း
• ဗီဒီယိုအရည်အသွေးမြှင့်ခြင်း - Cloud တွင် AI စီမံဆောင်ရွက်ခြင်းဖြင့် အနုစိတ်ပြတ်သားသော ဗီဒီယို ရယူနိုင်သည်
• ညမြင်ကွင်း ဗီဒီယို - မှောင်သွားသည့်တိုင် ပြီးပြည့်စုံသည့် အခိုက်အတန့်ကို ပြန်လည်ခံစားနိုင်သည်
• လူထူထပ်သောနေရာများတွင်ပင် ပြေပြစ်၍ တိကျမှန်ကန်မှုမြင့်သော ဗီဒီယိုများကို ရင်သပ်ရှုမောဖွယ် ပုံရိပ်ပြတ်သားကိန်း၊ ပြတ်သားသော အသံတို့ဖြင့် ရိုက်ကူးနိုင်သည်
• ရုပ်ရှင်ရသ မှုန်ဝါးခြင်း - ရိုက်ကူးမည့်အရာ၏ နောက်ခံကို မှုန်ဝါးခြင်းဖြင့် ရုပ်ရှင်ရသ ဖန်တီးနိုင်သည်
• ရုပ်ရှင်ရသ ရိုက်ကွက် - ဖုန်း၏ ဘေးတိုက်ဆွဲရိုက်မှုကို အရှိန်လျှော့ပေးနိုင်သည်
• ကြာကြာနှိပ်၍ ရိုက်ချက် - မူရင်းဓာတ်ပုံမုဒ်တွင် ရှိနေစဉ် ရှပ်တာခလုတ်ကို ကြာကြာနှိပ်ပေးရုံဖြင့် ပေါ့ပေါ့ပါးပါး ဗီဒီယိုအတိုများ ရိုက်ကူးနိုင်သည်

သတ်မှတ်ချက်များ - ‘Pixel ကင်မရာ’ နောက်ဆုံးဗားရှင်းသည် Android 16 နှင့်အထက်ရှိသည့် Pixel စက်ပစ္စည်းများတွင်သာ အလုပ်လုပ်သည်။ Wear OS အတွက် ‘Pixel ကင်မရာ’ ၏ နောက်ဆုံးဗားရှင်းသည် Pixel ဖုန်းများနှင့်ချိတ်ဆက်ထားသည့် Wear OS 5.1 (နှင့်အထက်) စက်များတွင်သာ အလုပ်လုပ်သည်။ အင်္ဂါရပ်အချို့ကို စက်အားလုံးတွင် မရနိုင်ပါ။
အပ်ဒိတ်လုပ်ခဲ့သည့်ရက်
၂၀၂၅ အောက် ၃၀

ဒေတာ ဘေးကင်းလုံခြုံရေး

ဆော့ဖ်ဝဲရေးသူများက သင့်ဒေတာအား စုစည်းပုံနှင့် မျှဝေပုံကို နားလည်ခြင်းမှစ၍ လုံခြုံမှု စတင်သည်။ ဒေတာလုံခြုံမှုနှင့် လုံခြုံရေးလုပ်ဆောင်မှုများသည် သင်၏အသုံးပြုမှု၊ ဒေသနှင့် အသက်အပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ဆော့ဖ်ဝဲရေးသူက ဤအချက်အလက်ကို ပေးထားပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
မည်သည့်ဒေတာကိုမျှ ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေခြင်းမရှိပါ
ဆော့ဖ်ဝဲရေးသူများ၏ မျှဝေမှုဆိုင်ရာ ဖော်ပြမှုကို ပိုမိုလေ့လာရန်
မည်သည့်ဒေတာကိုမျှ စုစည်းခြင်းမရှိပါ
ဆော့ဖ်ဝဲရေးသူများ၏ စုစည်းမှုဆိုင်ရာ ဖော်ပြမှုကို ပိုမိုလေ့လာရန်

အဆင့်သတ်မှတ်ခြင်း၊ သုံးသပ်ခြင်း

၂.၈
သုံးသပ်ချက် ၄.၈၄ သိန်း
lin linn
၂၀၂၅ စက်တင်ဘာ ၂၂
Photo Size ရွေးချယ်ဖို့ ၂ခုပဲ ပေးထားတာက အဆင်မပြပါဘူး။ အနည်းဆုံး ၄မျိုးလောက်ထားပေးပါ။ 1×1မပါတာ အတော်ဆိုးတယ်။
၎င်းက အသုံးဝင်ပါသလား။
ko ko
၂၀၂၄ နိုဝင်ဘာ ၂၄
G00D အရမ်းမိုက်တယ်နော် ကောင်းတယ် ကြိုက်တယ်good
လူ ၁၃ ယောက်က ဤသုံးသပ်ချက်ကို အထောက်အကူဖြစ်သည်ဟု ယူဆသည်
၎င်းက အသုံးဝင်ပါသလား။
Aye Min
၂၀၂၃ ဒီဇင်ဘာ ၂၀
Good
လူ ၁၈ ယောက်က ဤသုံးသပ်ချက်ကို အထောက်အကူဖြစ်သည်ဟု ယူဆသည်
၎င်းက အသုံးဝင်ပါသလား။